Dizestal

32,290 Kyats

စားချင်တာစား ဒိုင်ဇက်စတဲလ်သာ ဆောင်ထား

ဒိုင်ဇက်စတဲ အစာကြေဆေးတွင် အစာခြေအင်ဇိုင်း ပန်ခရီရာတင် ၊ ရင်ပူခြင်း စားချဉ့်ပြန်ခြင်းကိုသက်သာပြီးအက်ဆစ်ဓါတ်အထွက်နည်းစေသော အောက်ဇ်ဘိုင်းအိတ်စထရပ် ၊ လေပွခြင်းလေနာခြင်းကိုသက်သာစေသော ဒိုင်မီတီကုန်း အပြင် အူလမ်းကြောင်းပုံမှန်ဖြစ်စေသော ဟန်မီးဆဲလူးလေ့စ်တို့ပါဝင်ပြီး

-အစာမကြေခြင်း
-ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
-အစားအသောက်ပျက်ခြင်း
-ရင်ပူခြင်း အပြင် အစာအိမ်ယောင်ခြင်းတို့အတွက်သောက်သုံးနိုင်ပါသည် ။

သုံးစွဲပုံအညွှန်း
လူကြီး : အစာစားပြီး ဆေး (၁) ပြားမှ (၂) ပြား တစ်နေ့လျှင် (၃) ကြိမ်
ဒိုင်ဇက်စတဲလ်ဆေးပြားအား မျိုချပြီးသောက်သင့်ပါသည် ။ မဝါးစားရ မခြေမွရပါ ။
(သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည် ။

Pancreatin 175mg
Ox bile extract 25mg
Dimeticone 25mg
Hemicellulase 50mg

ထားသိုသိမ်းဆည်းပုံအညွှန်း
၁ ။ ကလေးငယ်များ နှင့်ဝေးသောနေရာတွင်ထားပါ ။
၂ ။ အခန်းအပူအချိန်တွင် တင်းကျပ် သေချာစွာ သိမ်းဆည်းရမည် ။ အလင်းနှင့်တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပါ ။
၃ ။ ဆေးမှားယွင်းအသုံးပြုခြင်းနှင့်အရည်အသွေးအာမခံချက်ကိုကာကွယ်ရန်အတွက် ဆေးဘူးအား ပြောင်းလဲမသုံးရပါ ။


ကြိုတင်သတိပေးချက်
ယေဘူယျသတိပေးချက်
၁ ။ သတ်မှတ်ထားသော ဆေးညွှန်းအတိုင်း သာ သောက်ပါ
၂ ။ (၂) ပတ်ခန့်သောက်ပြီး မည်သည့်ထူးခြားသောအချက်များ မတွေ့ပါက ဆေးသောက်ခြင်းအားရပ်ပြီး ဆရာဝန် (သို့မဟုတ်) ဆေးဝါးပညာရှင်နှင့်တွေ့ဆုံဆွေးနွေးပါ ။
၃ ။ ဤဆေးတွင် အဝါရောင်နံပါတ် (tartarzine ) ပါဝင်သောကြောင့် အဆိုပါဓါတ်နှင့်မတည့်သောလူနာများ ဆရာဝန် (သို့မဟုတ်) ဆေးဝါးပညာရှင်နှင့်တိုင်ပင်ပါ ။


အောက်ပါလူနာများအား သေချာ ဂရုပြု၍ သောက်သုံးပါ
•    အခြားဆေးသောက်နေရသော သူများ


ဓါတ်မတည့်ကြောင်းဖော်ပြချက်

•    ဤဆေးတွင်ပါဝင်သော အရာများအား ဓါတ်မတည့်မှုဖြစ်တတ်သော လူနာများ မသောက်သုံးသင့်ပါ ။
•    အသက် (၇) နှစ်အောက်ကလေးငယ်များ မသောက်သုံးရပါ ။


ဘေးထွက်ဆိုးကျိုး
ထူးခြားသော ဘေးထွက်ဆိုးကျိုးမရှိပါ ။