Disolvan
- Category: ချွဲပျော်ဆေး
- UOM: 10x10's Tablet
3,650 Kyats
အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းနှင့်ဆက်နွယ်နေသော ချွဲသလိပ်ကပ်ခြင်း ချွဲထခြင်းများတွင် အသုံးပြုနိုင်ပါသည် ။
သုံးစွဲပုံအညွှန်း
• အစာစားပြီးမှ သောက်ပါ
• ကလေးအသက် (၁၂) နှစ်အထက်နှင့်လူကြီး : (၁) ပြား တစ်နေ့ (၃) ကြိမ်နေ့စဉ်သောက်ရန် ။
• ကလေး အသက် (၆) နှစ်မှ (၁၂ ) နှစ် : ဆေးပြား တစ်ဝက် တစ်နေ့ (၃) ကြိမ်နေ့စဉ်သောက်ရန် ။
• ကလေးအသက် (၂) နှစ်မှ (၆) နှစ်အောက် : ဆေးပြား တစ်ဝက် တစ်နေ့ (၂) ကြိမ်နေ့စဉ်သောက်ရန် ။
• ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်နိုင်ပါသည် ။
Bromhexine | 8mg |
ထားသိုသိမ်းဆည်းပုံအညွှန်း
အေးမြခြောက်သွေ့သောနေရာတွင်ထားပါ ။ အလင်းနှင့်တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပါ ။
ကြိုတင်သတိပေးချက်
ချွဲသလိပ်အရည်များထွက်ရှိမှု ပိုများလာနိုင်ကြောင်း ဆေးသောက်သူများအား ကြိုတင်၍ သတိပေးထားရပါမည် ။
ဓါတ်မတည့်ကြောင်းဖော်ပြချက်
• ဤ ဆေးအား ဓါတ်မတည့်သောလူနာများ မသောက်သုံးသင့်ပါ ။ ကိုယ်ဝန်ဆောင် နှင့်နို့တိုက်မိခင်များ မသောက်သုံးသင့်ပါ ။
•
ပိုးသတ်ဆေးများဖြစ်သော (Amoxicillin , Cefuroxime , Erythromycin ,
Doxycycline ) ဆေးများနှင့် အတူတွဲသောက်ပါက အဆုတ်တစ်ရှူးများတွင်
ပိုးသတ်ဆေး စုစည်းမှု မြင့်တက်စေနိုင်သည် ။