Kebanon Plaster
- Category: အခြား
- UOM: 1x7 pcs
သုံးစွဲပုံအညွှန်း
လူကြီး : ပလာစတာ ကျောဖက်မှ စက္ကူကိုခွာ၍ နာကျင်ရောင်ရမ်းသောနေရာသို့ တစ်နေ့လျှင် (၂) ကြိမ်ကပ်ပေးရန် (သို့မဟုတ် ) ဆရာဝန်ညွှန်ကြားချက်အတိုင်းကပ်ရန် ။
ဤ product သည် လတ်တလော တွင် online တွင်ရောင်းချခြင်းမရှိပါသဖြင့် အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ၀၉ ၇၆၂၂၄၄၄၄၁၊ ၀၉ ၇၆၂၂၅၅၅၅၁ ကိုဆက်သွယ်နိုင်ပါသည်။
Ketoprofen | 30mg |
ထားသိုသိမ်းဆည်းပုံအညွှန်း
• ကလေးများနှင့်ဝေးသောနေရာတွင်ထားပါ ။
• ခန္ဓာကိုယ်ပြင်ပအသုံးပြုရန်သာဖြစ်သည် ။
• ခြောက်သွေ့သောနေရာတွင်သာထားရန်နှင့်အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်အောက်တွင်ထားပါ ။
ကြိုတင်သတိပေးချက် နှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်
•
အရေပြားစုတ်ပြဲနေသောနေရာများ ၊ မျက်လုံး ၊ အာခံတွင်း စသည်တို့တွင်
ကပ်ခြင်းမပြုရ ။ အကယ်၍ ကိုယ်ဝန်ဆောင်သည်ဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်ပါ ။
• ကလေးငယ်များတွင်အသုံးပြုလိုပါက ဆရာဝန် ၏ ညွှန်ကြားချက်အတိုင်းသာ အသုံးပြုရပါမည် ။
•
ဤဆေးကပ်ပလာစတာတွင်ပါဝင်သော ဓါတ်ပစ္စည်းနှင့်ဓါတ်မတည့်သူများ မသုံးသင့်ပါ ။
သေချာစွာ အသုံးပြုတတ်စေရန် ဆရာဝန်နှင့်တိုင်ပင်နိုင်ပါသည် ။